Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကိုင်တိုင်း၊ ကသာမြို့ကို ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၇၇ က စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်သား ၃၄ ဦးအထိ အရှင်ဖမ်းမိထားတယ်လို့ KIA ရဲ့ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို အလုပ်အကိုင်နဲ့ သွားရောက်မှုတွေအားလုံးကို ကန့်သတ်စိစစ်လိုက် ပြီလို့ စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို တရားဝင်အသိပေးကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းနဲ့ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံကာ မြန်မာပြည်က စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအထောက် အပံ့တွေပိုမိုရရှိစေဖို့ ကြိုးပမ်းတဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
