ဂန့်ဂေါ၊ မြောက်ခင်ရန်းပျူရွာနှင့် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှုစစ်သား ၆ ဦးသေဆုံး ၊ စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိ
မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနှင့် မြစ်သာဆည်ပေါ်တွင် တပ်စွဲ ထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ဂန့်ဂေါမြို့နယ် ၊ မြောက်ခရမ်းကျေးရွာရှိ ပျူစောထီးစခန်း ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ စစ် သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နှင့် တိုက်ခိုက်ရေးဒရုန်းတစ်စီး။
အလားတူ မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဂန့်ဂေါမြို့နယ် ၊ မြစ်သာဆည်ပေါ်တွင် တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးအမြောက်အများ ကျဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ဦး ၊ စစ်သား ၁ ဦး နှင့် ပျူစောထီး ၄ ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့အပြင် မတ် ၁၆ ရက်နေ့ကလည်း ဂန့်ဂေါမြိုနယ် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်သား ၂ ဦးသည် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်လာခဲ့သဖြင့် ဖမ်းဆီးခဲ့ရာ ၎င်းတို့ထံမှ MA -11 အမျိုး အ စား သေနတ် ၁ လက်နှင့် ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဗုံးသီးကတော့ များတယ်၊ ကျဲနေတာကြာပြီ။ မြစ်သာမြစ်ပေါ်မှာက စခတွေ တပ်စွဲထားတာ၊ ဖမ်းမိ တဲ့နှစ်ဦးကို ကောင်းမွန်စွာထိန်းသိမ်းထားပါတယ်၊” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖနှင့် ပေါက်/ မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
မတ်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က မြစ်သာဆည်အနီးရှိ ကျေးရွာများကို ဂျက် ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

