ရန်ကုန်၊ မတ် ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ပြည်သူများနေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ ကျိုက်ထိုမြို့နယ် ပျဥ်းကတုံးကုန်းကျေးရွာအုပ်စု ပျဥ်းကတုံးကုန်း သုသာန် နှင့် ဧက ၁၀၀ ကျောက်မိုင်း နေရာများကို ကွာလီရေကန်ကုန်း စစ်တပ် ဒရုန်းတပ်ဖွဲ့က ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၀ အမြောက်တပ်က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် အမှတ် ၄၄ ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ရှိ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းကလည်း လက်နက်ကြီး ၈ လုံးပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းကို ကျရောက်ပေါက်ကွဲမှုများ ရှိကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပျဥ်းကတုံးကုန်းအုပ်စု ပျဥ်းကတုံးကုန်းရွာမှ နေအိမ် ၁ လုံး၊ သုသာန်အုပ်ဂူများနှင့် စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးပြီး ကျိုက်ထိုမြို့နယ် ခရဲကျေးနယ်အုပ်စု စစ်ကွင်းရွာ၊ မုက္ခမော့ရွာ၊ သုံးခွရွာ အနောက်ဘက်ခြမ်းတွင် အရပ်သားပြည်သူ စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၄ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး အမြောက်အများပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူများ ထိပ်လန့်ကြောက်ရွံ့ကာ ပြည်သူများ ထိခိုက်မှုရှိပြီး အရပ်သားပြည်သူများ၏ လုပ်ငန်းခွင်ထဲတွင် စိုက်ပျိုးပင်အများအပြား ထိခိုက်ပျက်စီးမှု အများအပြား ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





