35 C
Yangon

ပြည်ပနိုင်ငံများသို့ သွားရောက်ခွင့်ပြုမည့် မြန်မာအလုပ်သမား အရေအတွက် ကန့်သတ်ချက်စာရင်းကို စစ်ကောင်စီက ကြေညာမည်၊ ခွင့်ပြန် မြန်မာအလုပ်သမားများ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် စစ်ကောင်စီက တိုက်ရိုက်ထိန်းချုပ်

Must read

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက် စစ်ကောင်စီက ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခွင့်ပြုမည့် အလုပ်သမားအရေအတွက်ကို ကန့်သတ်သွားမည်ဖြစ်ပြီး မကြာမီ နိုင်ငံအလိုက် သွားရောက် အလုပ်လုပ်ခွင့်ပြုမည့် အလုပ်သမားအရေအတွက်ကို တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

“စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန် ၊ ကိုရီးယား၊ ရုရှား စတဲ့ မြန်မာအလုပ်သမားတွေ သွားရောက် အလုပ်လုပ်တဲ့ နိုင်ငံတွေအလိုက် အလုပ်သမားပို့ခွင့်ပြုမယ့် အရေအတွက် မကြာခင် ထုတ်ပြန်မယ်။ အရင်လို အများကြီးတော့ ထွက်ခွင့်မပြုတော့ဘူး။ လုပ်ငန်းစဉ်တွေလည်း ပိုကြာလာမှာဖြစ်သလို ပြည်ပအလုပ်အကိုင်ထွက်လုပ်ခွင့်ရမယ့် အရေအတွ့က်လည်း ကန့်သတ်ဖို့ရှိတယ်။ လူကြီးတွေ ဆွေးနွေးနေတုန်းပါပဲ” ဟု နေပြည်တော်အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ခန့်အပ်ထားသော အလုပ်သမားဝန်ကြီး အသစ် ချစ်ဆွေက နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မည့် အရေအတွက်ကို ကန့်သတ်ရန်ရှိနေကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အေဂျင်စီများနှင့်တွေ့ဆုံစဉ် ထုတ် ဖော်ပြောဆိုခဲ့ရာမှ ယခုနောက်ဆုံး တရားဝင်ကန့်သတ်မည့် အရေအတွက်ကို ထုတ်ပြန်ကြေညာရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ပြည်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်မှ စစ်မှုထမ်းရန် အကျုံးဝင်နေသော ပြည်တွင်းသို့ ပြန်လာစေရေး စီမံချက်များဖြင့် လုပ်ဆောင်နေရာ ခွင့်ပြန်လာသည့် မြန်မာအလုပ်သမားများ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ကို နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ် စိစစ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ခွင့်နဲ့ ပြန်လာတဲ့ အလုပ်သမားတွေ OWIC မရှိရင် နေပြည်တော်ကို စာရွက်စာတမ်းအစုံအလင်နဲ့ လျှောက်ထားရပါ့မယ်။ အရင်လို မရမ်းကုန်းရုံးမှာ OWIC ထုတ်မပေးတော့ပါဘူး။ နေပြည်တော်ကနေ ခွင့်ပြုချက်ရမှ မြောက်ဒဂုံရုံးမှာ OWIC ထုတ်ခွင့်ရမယ်။ OWIC ရပြီးရင်လည်း ပြည်ပထွက်ခွာခွင့်အတွက် နေပြည်တော်ကိုပဲ ပြန်တင်ရမယ်။ အဲဒါကလည်း ဘယ်လောက်ကြာမလဲ မမှန်းနိုင်ဘူး။ OWIC ရှိပြီးသား ခွင့်ပြန်တွေဆိုရင်လည်း ပြည်ပထွက်ခွာခွင့်အတွက် နေပြည်တော်ကို ပြန်တင်ရမယ်။ စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်နေရင်တော့ ပြည်ပခွင့်ပြန်တွေ ပြန်လည် ထွက်ခွာခွင့်ရမှာမဟုတ်ပါဘူး” ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်ပသို့ အလုပ်အကိုင်ဖြင့် စေလွှတ်မှုများကို အလွန်တင်းကျပ်သော စည်းကမ်း အမိန့်များဖြင့် ထိန်းချုပ်လာသဖြင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများ လုပ်ငန်း ဆက်လက် လည်ပတ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆိုကြသည်။

“အလုပ်တွေက အခု အခြေအနေအတိုင်း လုပ်လို့ မရတော့ဘူး။ စည်းကမ်း အရမ်းများတာရယ်၊ အချိန်က ဘယ်လောက်ကြာမလဲ မှန်းမရတော့ဘူး။ အလုပ်သမားတွေကို အချိန်မီ မလွှတ်နိုင်ရင် Demand Letter ရ ဖို့ကလည်း ခက်လာမယ်။ Demand Letter ရတိုင်းလည်း အလုပ်သမားဝန်ကြီးဌာနက ခွင့်မပြုရင် ပို့မရတော့ဘူး။ အရမ်းကို ခက်ခဲ ရုန်းကန်ရတဲ့အခြေအနေ ရောက်နေတာ” ဟု ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားစေလွှတ်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article