36 C
Yangon

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် (ဆော ထိမြို့နယ်)တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်) သက်တူးကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ တက်လာသော တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲတိုက်ခိုက်ခဲ့ရာ သက်တူးကုန်းကျေးရွာနေ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ဒဏ် ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးနှင့် ကျေးရွာစာသင်ကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၄ မိနစ်အချိန် ရွှေကျင်မြို့နယ်၊ ကညင်ကျွန်း ကျေး ရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ၃ လုံး ပစ် ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ပစ်မှတ်ထား၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသောကြောင့် ခလယ်လွီထူခရိုင်အတွင်းနေထိုင်ကြသော အပြစ်မဲ့အရပ်သား ပြည်သူ များမှာ အသက်ရှင်သန်ရေးအတွက် စိုးရိမ်ကြောက်ရွံ့ မှုများစွာဖြင့် ရုန်းကန်နေကြရကြောင်း KNU က ဆိုသည်။

ဓာတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့်ထိခိုက် ပျက်စီးမှုများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article