ဒီကနေ့ မတ် ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတစ်ဝန်းက ဆုံးရှုံးထားတဲ့ မြို့တွေနဲ့ နယ်မြေတွေကို ပြန်လည် တိုက်ခိုက်ရယူပေးနိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရာထူးတိုး၊ဘွဲ့တံဆိပ်နဲ့ ထိုက်ထိုက်တန်တန် ဆုချမယ်ဆိုပြီး မက်လုံးပေးလာပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- စစ်ကိုင်းတိုင်းက စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်က တော်တော်ကို အထိနာသွားသလို သူတို့စစ်သား အလောင်းတွေကို ကားတွေနဲ့ မိုးကာအုပ်ပြီးသယ်သွား ကြတဲ့ အခြေနေအထိ ဖြစ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
- ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာရှိတဲ့ ထိုင်းအကောက်ခွန်ဦးစီးဌာနက သိမ်းဆည်းထားရာ ကားဂိုဒေါင် မီးလောင်မှုဖြစ်ပွားပြီး ကားစီးရေ ၂၀၀ ကျော် မီးလောင်ပျက်စီး သွားသလို အဲ့ဒီ့က ကားအများစုဟာ မြန်မာဘက်ကို ပို့ဖို့ ပြင်ဆင်တဲ့အချိန် ဖမ်းဆီးထားတဲ့ ကားတွေဖြစ်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
