28 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂ ရက်ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-တနင်္သာရီတိုင်း ၊ ဘုတ်ပြင်းမြို့နယ်ခြေစိုက် ခမရ ၅၈၅ မှာ မေလ ၂၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်သား အချင်းချင်း ရန်ဖြစ် ၊ စကားများကြရာကနေ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

-ချင်းပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်တွေ ထောက်ပံ့နိုင်ရေးအတွက် ကြားကာလ ချင်း အမျိုးသား အတိုင်ပင် ခံကောင်စီ(ICNCC)၊နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဌာနတို့အကြား တွေ့ဆုံဆွေး နွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
– တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံ ကျေးရွာမှာရှိတဲ့ ဗိုလ်မှူးကြီးဗထူး ပန်းခြံမှာ ဒီကနေ့ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက ဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဗိုလ်မှူး ကြီးဗထူး ကျဆုံးခြင်း (၇၇)နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့တဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article