28 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်စခန်း ၂ ခုကို တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်စခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် အ ဖြစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၂ မိနစ်အချိန် ဒီပဲယင်းမြို့ ကုန်းသာဦးနှင့် အထက ကျောင်း အ တွင်း တပ် စွဲနေထိုင်ကြသော စစ်သား ၊ ရဲ နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ပစ်မှတ်ကိုတော့ ထိတယ်၊ ၂ လုံးစလုံးအောင်အောင်မြင်မြင်ပါပဲ၊ နောက်ဆက်တွဲ သေဆုံးထိခိုက် ပျက်စီးမှုကတော့ စုံစမ်းနေဆဲပါ။ ပစ်ပြီးပြီးချင်း လက်နက်ငယ်တွေတော့ ပြန်ပစ်တာရှိတယ်။ စခ အင်အားကတော့ များသေးတယ်၊ အရင်က ကျနော်တို့ စခန်းသိမ်းပြီးတော့ ရဟတ်ယာဉ် ၂ စီး လာချ သွားတာရယ်၊ လက်ကျန်အင်အားရယ်ဆိုတော့ အင်အား ၁၀၀ ကျော်လောက်တော့ ရှိမယ်။” ဟု Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့် ဒီပဲယင်းမြို့နယ် ပကဖတို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article