ရန်ကုန်၊ မတ် ၂၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းဘုန်းကြီးကျောင်းနှင့် ဘန့်ဘွေးကုန်း ဌေးကျော်ဆီဆိုင်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး ပြီး ညတွင်းချင်း တပ် ဆုတ်ထွက်ပြေးသွားကြောင်း Phoenix D F – Nattalin တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၄ ရက် ည ၇ နာရီ ၄၀ မိနစ်က နတ်တလင်းမြို့နယ်အရှေ့ဘက် လယ်မအင်း ဘုန်းကြီး ကျောင်းနှင့် ဘန်းဘွေးကုန်း ဌေးကျော် ဆီဆိုင်တွင် အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“၂၄ ရက်နေ့ညမှာ တိုက်ပွဲဖော်ဆောင်မှုလုပ်ခဲ့တာ။ အဲဒီညတွင်းချင်းပဲ သူတို့ဆုတ်ခွာထွက်ပြေး တယ်။ မနက်စောစော မိုးလင်းပိုင်းကျတော့ ကျနော်တို့ဘက်ကနေ နယ်မြေရှင်းလင်းရေးတွေ ဝင် လုပ်ခဲ့တာ၊ ပစ္စည်းတွေတော့ သိမ်းဆည်းရရှိခဲ့တာတော့ မရှိဘူး။ ၂ ဦးသေတယ်၊ ၃ ယောက်ဒဏ်ရာ ရတယ်။” ဟု Phoenix D F – Nattalin တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများနှင့် ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်ဖြင့် ပြည် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ထို့နောက် လယ်မအင်းရွာ ဘုန်းကြီးကျောင်းနှင့် ဘန်းဘွေး ကုန်ရွာ ဌေးကျော်ဆီဆိုင်တွင်တပ်စွဲထားသော စစ်သား၊ပျူစောထီးများမှာ ပျဉ်ပုံရွာသို့ ညတွင်း ချင်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထို့ကြောင့် မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲသွားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်၍ နယ်မြေရှင်းလင်းရေးများပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ ၂ Phoenix D F နှင့် တပ်ခွဲ ၆ AyeYar Nyi Naung စစ်ကြောင်းတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် စစ်တပ်ဒေါက်တိုင်များ ကို အခါ အခွင့် သင့် လျှင် သင့်သလို တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထိ ခိုက်မှုမရှိစေရန် စစ်တပ်နှင့် တစ်ဝိုက်နေရာများသို့ သွားလာလှုပ်ရှားခြင်းမပြုကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
