26 C
Yangon

မင်းအောင်လှိုင်ကို ဖိတ်ခေါ်သည့် ထိုင်းအစိုးရကို ရှင်းလင်းချက်ပေးရန် ထိုင်းလွှတ်တော်အမတ်များ တောင်းဆို

Must read

မင်းအောင်လှိုင်ကို ဖိတ်ခေါ်သည့် ထိုင်းအစိုးရကို ရှင်းလင်းချက်ပေးရန် ထိုင်းလွှတ်တော်အမတ်များ တောင်းဆို

ရန်ကုန်၊ ဧပြီ ၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ခေါ်သည့် ထိုင်းအစိုးရအဖွဲ့ကို ရှင်းလင်းချက် ပေးရန် ထိုင်းလွှတ်တော်အမတ်များက တောင်းဆိုလိုက်ကြောင်း သိရသည်။

မင်းအောင်လှိုင်အား ဘန်ကောက်မြို့သို့ ဖိတ်ခေါ်သည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်နာဝပ်ထရာအစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းချက်ပေးရန် ထိုင်းအမတ်များက လွှတ်တော်က တစ်ဆင့် တောင်းခံနေသည်။

ယနေ့ ဧပြီလ ၃ ရက်နေ့ ဘန်ကောက်မြို့တွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု သိကြသည့် BIMSTEC အစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လက်ရှိ ထိုင်းအစိုးရအဖွဲ့က ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

မင်းအောင်လှိုင်သည် ဘန်ကောက်မြို့ကို ယနေ့ ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိမည်ဟုလည်း ထိုင်းသတင်းဌာနကများက ဖော်ပြထားကြသည်။

တရားမျှရေးပါတီမှ လွှတ်တော်အမတ် ကန်နာဝီက “မြန်မာစစ်အာဏာရှင်ဟာ ဘယ်နိုင်ငံ၊ ဘယ်ထိပ်သီးအစည်းအဝေးမှ တက်ရောက်ခွင့် မရတာကြာပါပြီ။ ရုရှားတို့ တရုတ်တို့ ပဲသူ့ကို အဖက်လုပ်ပြီး ဖိတ်ပါတယ်။ အဲ့ဒီနိုင်ငံတွေပဲ သွားခဲ့ရတယ်။ ဒါပေမယ့် မင်းအောင်လှိုင် တတိယမြောက်ခြေချတဲ့ နိုင်ငံ ထိုင်းတဲ့ဗျာ” ဟု ပြောသည်။

အရပ်သားပြည်သူများရှိရာ နေရာများကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသော မြန်မာစစ်အာဏာရှင် ခေါင်းဆောင် မင်းအောင်လှိုင်အား ထိုင်းအစိုးရက ဖိတ်ကြားထားသည့် ကိစ္စကို ထိုင်းပြည်သူများသို့ ရှင်းလင်းချက်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ကန်နာဝီ က ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် ငလျင်လှုပ်ခတ်သည့် မတ်လ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀ ကြိမ် လုပ်ဆောင်ခဲ့ပြီး မြန်မာပြည်သူ အရပ်သား ၁၂ ဦးအထိ သေဆုံးခဲ့ရသည်ဟု တရားမျှရေးပါတီမှ လွှတ်တော်အမတ် ကန်နာဝီ က ထိုင်းသတင်းဌာနများအား ပြောဆိုထားသည်။

မြန်မာနိုင်ငံအတွင်းက ဒီမိုကရေစီအင်အားစုများ အပါအဝင် တော်လှန်ရေးလှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း မင်းအောင်လှိုင်အား လိုလိုလားလား ဆက်ဆံနေသည့် ထိုင်းအစိုးရအဖွဲ့ကို ကန့်ကွက်ထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article