30 C
Yangon

ယော YPDF စခန်း ဝင်စီးသည့် စစ်ကောင်စီတပ် မိုင်းမိပြီး စစ်သား ၈ ဦးသေ ဆုံး၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF စခန်းကို ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် မိုင်းမိပြီး စစ်သား ၈ ဦးသေဆုံးကြောင်း YPDF က သတင်းထုတ် ပြန်သည်။

ဇွန်လ ၄ ရက်နေ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တပ်ရင်း ၁ ၊ တပ်ခွဲ ၂ ကို ဝင်ရောက်ထိုးစစ်ဆင် စီးနင်းခဲ့သော အင်အား (၇၀) ခန့်ပါ ရှေ့ပြေးအဖွဲ့တခုသည် တပ်ခွဲ ၂ မှရဲဘော်များ ထောင်ထားခဲ့သော ဆုတ်မိုင်းမိခဲ့ကြောင်း၊ တောတွင်းပုန်းအောင်းနေသော ဒေသခံများ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီအကြမ်းဖက်တပ်က အလောင်း ၈ လောင်းထမ်းကာ စခန်းကုန်းမှ ဆင်းလာသည်ကို မြင်တွေ့ရကြောင်း၊ ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်တွင် စစ်ကောင်စီအကြမ်းဖက်တပ်တွေက ခြောက်လှန့်ပစ်ခတ်ကာ နောက် ကြောင်းပြန်လှည့်နေကြောင်း YPDF က သတင်းထုတ်ပြန်သည်။

ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ စင်းစယ်၊ ရေပုတ်၊ ညောင်လယ်၊ ခေါင်းတုံ၊ မဲရွာများကို စစ်ကောင်စီအကြမ်းဖက်တပ်က ဇွန်လ ၂ ရက်မှ ၄ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ခေါင်းတုံရွာတွင် အိမ်ခြေ ၁၀၀ ခန့်၊ မဲရွာတွင် အိမ်ခြေ ၄ လုံး၊ စင်းစယ်ရွာတွင် အိမ်ခြေ ၄ လုံး၊ ရေပုတ်ရွာတွင် အိမ်ခြေ ၁၁ လုံး၊ ညောင်လယ်ရွာတွင် အိမ် ခြေ ၃ လုံး မီးရှို့ခံခဲ့ရကြောင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ တချို့လည်း ရှိပြီး ညောင်လည်ရွာမှ ၇ ဦး၊ ခေါင်းတုံရွာတွင် (မသန်စွမ်းသူအပါအဝင်) ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း YPDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် ဇွန်လ ၄ ရက်နေ့ ရွာသာအေးနှင့်သီးချောက်ရွာအကြားတွင် ပေါက်တောင်ပိုင်း ပြောက်ကျားတပ် (S.P.G.F)က ပျူစောထီးကားနှင့်ဆိုင်ကယ်များကို မိုင်းခွဲ တိုက်ခိုက်ရာ ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးထိခိုက်ကာ သစ်ချိုကုန်းမှ ပျူစောထီး ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း ပေါက် တောင်ပိုင်း ပြောက်ကျားတပ် (S.P.G.F)က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article