31 C
Yangon

လက်ပံတန်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၁၂ ဦးကို ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၉

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၁၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် သီတာကုန်းရွာ၌ နေထိုင်သော လူငယ် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်ခြင်းကြောင့် တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် လိုက်လံ ရွေးထုတ်ခဲ့ရသော်လည်း လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းအုပ်စု၊ မအူတန်းရွာမှ လူငယ် ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဆင်တလင်းအုပ်စု၊ ငှက်သိုက်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရပြီး ကိုလှထွဋ်ဝင်းနှင့် အခြား လူငယ်၁ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင်လည်း လက်ပံတန်းမြို့နယ်၊ စစ်ဆင်မနီအုပ်စုအတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် အလှူမဏ္ဍပ်ထိုးနေတဲ့ မိုးဆယ်ကျေးရွာမှ လူငယ် ၃ ဦးနှင့် ဆင်မနီ ကျေးရွာမှ လူငယ် ၁ ဦးတို့ကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများထဲတွင် မိုးဆယ်ရွာမှ ရှင်လောင်း၏ ဖခင်ဖြစ်သူလည်း ပါဝင်သွားကြောင်း သိရှိရသည်။

“လက်ပံတန်းမှာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် စစ်ခွေးတွေက ရွာတိုင်းကို ဝင်စီးပြီး လူစုနေကျတာ သူတို့တွေ့တဲ့သူဖမ်းတယ်။ ဖမ်းပြီးသွားရင်လည်း ငွေကျပ် သိန်း ရာချီတောင်းတာ အခုက ပိုက်ဆံတောင်းပြီးရင်တောင် ပြန်မလွှတ်တော့ဘူး။ ဆက်ညှိအုန်းမယ်ဆိုပြီး ဖမ်းထားသေးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ကချင်ပြည်နယ်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကချင်ပြည်နယ်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article