31 C
Yangon

သံတောင်ကြီးနှင့် ငါသရောက်မြို့တို့တွင် ပျူစောထီးနှင့်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာသော အကြမ်း ဖက်စစ် တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ကမ်းနီကြားဒေသကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာကို မီးရှို့ပြီး ပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ထုံးဘိုးကြီးကျေးရွာအထွက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး ထုံးဘိုကြီးစခန်းသို့ ပြန်လည်ဆုတ်ခွာသွား ကြောင်း၊ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပြီး နောက် ၁ နာရီအကြာတွင် လူနာတင်ယာဉ်နှစ်စီး ထုံးဘိုကြီးစခန်းသို့ မောင်းဝင်သွားကြောင်း သိရသည်။

“ခရစ်ယာန် သီလရှင်ကျောင်း ၂ ကျောင်း၊ အိမ်က ဘယ်နှစ်လုံးအရှို့ခံရလဲတော့ မသိဘူး။ လောလော ဆယ် ၂ လုံးလို့တော့ ကြားတယ်။ ဘာလို့ဆိုရင် သံမိုးတောင်ရွာက ရွာသား တွေမရှိတော့တာ ၂ နှစ် ကျော်ပြီ။ စကစ ထိခိုက်သေဆုံးမှုက မသိရသေးပါဘူး။ လူနာတင်ယာဉ် ၂ စီးဝင်ပြီး တောင်ငူဘက် ပြန်ထွက်သွားတာတော့ ရှိပါတယ်” ဟု ကမ်းနီကြားဒေသကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် အထိနာသော အကြမ်းဖက်စစ်သားများသည် ထုံးဘိုကြီးရွာအတွင်းရှိ ဈေး ဆိုင်များ၊ ကားများနှင်ဆိုင်ကယ်များကို ထုချေ ဖျက်ဆီးကာ လမ်းသွားလမ်းလာ ခရီးသည်များကို ရိုက်နှက်ဆဲဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ် ရေးတပ်ဖွဲ့နှင့် ကီးကူစစ်ကြောင်း နှင့် တောင်ငူခရိုင်တပ်ရင်း ၃၅၀၄ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကမ်းနီကျေးရွာမှ ကင်းပုန်းဝပ်ရန် ထွက်လာသော ပျူစောထီးများကို ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တောင်ငူ -လိပ်သို လမ်းမကြီးအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သာ သွားလာအသုံးပြုကြပါရန်နှင့် အရေးပေါ်ကိစ္စတစ်စုံတရာရှိပါက နီးစပ်ရာအဖွဲ့အစည်းကို ဆက် သွယ်အကြောင်းကြားပြီးမှသာ သွားလာကြပါရန် မေတ္တာရပ်တိုက်တွန်းထားသည်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ် ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ပြည်သူများ တိုက်ပွဲကြားရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း ပုဂံ ညောင်ဦး အခြေစိုက် မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရဲစခန်းမှ ထွက်လာသော အကြမ်း ဖက်စစ်သား နှင့် ရဲ ၁၀ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး ၄၀ မမ၊ လက် နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများက တိုက်ပွဲကြားသို့ ရောက်ရှိလာခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စခထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါပဲ။ ပြည်သူတွေကို ကာဗာယူထားသလို ဖြစ်သွားတော့ ပစ်မရဘဲဖြစ်သွားတာ။ ပြည်သူတွေက ရှေ့ကနေ ကာနေလို့၊ မဟုတ်ရင် စခ ၂ ဦးလောက်သေတယ်။ လက်နက်လည်းရနိုင်တယ်။ မီတာ ၅၀ လောက်အထိ အနီးကပ် ပစ်ခတ်ခဲ့ရတာပါ” ဟု ပုဂံ ညောင်ဦး အခြေစိုက် မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပုဂံညောင်ဦး အခြေစိုက် Man Ba Khaing People Defense Force ၊ ပုဂံ ညောင်ဦးအခြေစိုက် ဂဠုန် ပြောက်ကျားတပ်ဖွဲ့ (Garuda Secret Force) ၊ နေပြည်တော်တပ်ရင်း အမှတ် ၇၀၄ နှင့် Local တပ်ပေါင်းစု တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article