ဒီကနေ့ ဧပြီ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်တွေက အရှင်ဖမ်းဆီးရရှိထားတယ်လို့ သိရပါတယ်။
- ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ရရှိပြီဟု ချင်းညီနောင်တပ်ဖွဲ့က ကြေညာလိုက်ပြီး တီးတိန်မြို့ကို ဆက်လက် ချီတက်မည်လို့ပြောဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးသွားတယ်လို့ ကနဦး သိထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
