29 C
Yangon

ကောလင်းမြို့နယ်၊ ကချင်ကုန်းရွာအနီး တစ်ဝိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ၊ ၁ လုံးပေါက်ကွဲပြီး ကျန် ၁ လုံးမပေါက်ကွဲဘဲ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကချင်ကုန်းရွာတစ်ဝိုက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားကြောင်း Kawlin Info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လမ်းမကြီးဘေးကျရောက်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

“ ပစ်တဲ့အချိန်က အိပ်မောကျနေတဲ့ချိန်ဆိုတော့ ပြေးချိန် မရှိဘူး။ တိုက်ပွဲမရှိပါဘူး။ ပြည်သူတွေ ရှိရာ တမင်ပစ်ခတ်တာမျိုးပါ” ဟု Kawlin Info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယနေ့ နံနက်ပိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ သဲချောင်းရွာသစ် ဒေသအခေါ်(ကချင်ကုန်း)ကို စစ်တပ်က လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့ပြီး လေယာဉ်ဖြင့် ကျဲချသည့် ဗုံး ၂ လုံးအနက်မှ ၁ လုံးမှာ ရွာအနီးလယ်ကွင်းထဲသို့ကျရောက် ပေါက်ကွဲပြီး ကျန် ၁ လုံးမှာ မပေါက်ကွဲသဖြင့် ထိ ခိုက် ပျက်စီးမှုအနည်းသာငယ်ရှိခဲ့ကြောင်း၊ ယင်း မပေါက် ကွဲဘဲ ကျန်ရှိနေသည့် ဗုံးသီးအား သက်ဆိုင်ရာ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ တပ်ရင်းက လာရောက်တူးဖော် ရှင်းလင်းသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article