28 C
Yangon

ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၅ လောင်းရရှိပြီး လက်နက်ခဲယမ်းများလည်း ရရှိ

Must read

ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၅ လောင်းရရှိပြီး လက်နက်ခဲယမ်းများလည်း ရရှိ

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့တွင် ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်တပ် အခြေစိုက်တပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းစခန်းကို သိမ်းပိုက်ရရှိမှုတွင် အလောင်း ၁၅ လောင်း အတည်ပြု ထားပြီး အရှင်ဖမ်းဆီးရရှိသူမရှိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

” စစ်သားအလောင်း ၁၅ လောင်းကတော့ အတည်ပြုပါတယ်။ အရှင်ဖမ်းဆီးရမိတာ မရှိပါဘူး။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း အရေအတွက်ကတော့ စိစစ်ဆဲပါ။ ခဲယမ်း များပါတယ်” ဟု CNA မှ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် CNA ၊ ABSDF ကျောင်းသားတပ်မတော် အမှတ် ၃ စစ် ကြောင်း၊ တပ်ရင်း ၁၂ ၊ KKG-CDF၊ ဟံသာ၀တီ (ပကဖ)၊ CDF.-SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ၊ ထန်တ လန် DR အဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article