Khit Thit သတင်းဌာန၏ ဧပြီ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ လူသေဆုံးမှုနဲ့ အပျက်အဆီးများပြားခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး လှုတ်ခတ်မှုအပြီး ၁၅ ရက် အကြာ ငလျင်ဒဏ်ကြောင့် ဒုက္ခအတိရောက်နေတဲ့ ပြည်သူတွေကို ထိထိရောက်ရောက်ကူညီမှုမပေးနိုင်တဲ့ အကြမ်းဖက် မင်းအောင်လှိုင်ဟာ သူ့မိသားစုဝင်အားလုံးနဲ့အတူ တောင်ကြီးက ရွှေဘုန်းပွင့်စေတီမှာ ယတြာသွားချေပြီး ထီးတော်တင်နေပြန်တယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းမှာရှိတဲ့ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက် သွားမှု ကြောင့်စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြန်တယ်လို့ Kawlin info ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က နန့်မွန်းမြို့ အနီးကို စစ်ကြောင်းထိုးလာပြန် စစ်ကောင်စီစစ်ကြောင်းကို KIA-PDF ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခြေမှုန်းလိုက်ရာမှာ ၅ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် ၊ သူတို့ဆီက လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
