26 C
Yangon

ရွှေကျင်၊ ညောင်ချေထောက်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး

Must read

ရွှေကျင်၊ ညောင်ချေထောက်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၁၃

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ချေထောက်ကျေးရွာတွင် တပ်စွဲကင်းချထားသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း Taung Nyo Column – P29906 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၆နာရီ ၁၅ မိနစ်ခန့်အချိန် ရွှေကျင်မြို့နယ် ညောင်ချေထောက်ကျေးရွာတွင် ကင်းချထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ကျော်ခန့်ကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“ဘာမှ ထွေထွေထူးထူး မှတ်ချက်မပေးချင်ပါဘူး။ ကျနော်တို့ ရဲဘော်တွေအတွက် ကျနော်တို့ ပြည်သူတွေအတွက် တောင်ညိုက ဆက်ရုန်း နေမှာပါ” ဟု Taung Nyo Column – P29906 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို တပ်ရင်း နှင့် ဝေါ (ပကဖ) ၊ အင်းတကော် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article