34 C
Yangon

စာနာသင်္ကြန် ကိုရီးယားမှ ငလျင်ဘေးအတွက် ဝမ်သိန်း ၃၀၀ ကျော် ထောက်ပံ့မည်

Must read

စာနာသင်္ကြန် ကိုရီးယားမှ ငလျင်ဘေးအတွက် ဝမ်သိန်း ၃၀၀ ကျော် ထောက်ပံ့မည်

ရန်ကုန်၊ဧပြီ ၁၃

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းရင်ပြင်တွင် ကျင်းပသည့် “ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင်ရန်ပုံငွေပွဲ – စာနာသင်္ကြန် ၂၀၂၅ ကိုရီးယား”ပွဲတွင် စတုဒိသာရောင်းရငွေ အပါအဝင် ရန်ပုံငွေ ဝမ် သိန်းသုံးရာကျော်ရရှိခဲ့ပြီး အဆိုပါ ရရှိ‌ငွေများကို ပြည်တွင်းသို့ ပေးပို့ ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ကျင်းပသည့် စာနာသင်္ကြန်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်၍ ကြေကွဲဆုတောင်းခြင်း၊ ပြည်သူများအတွက် နှစ်သိမ့်အားပေးခြင်းနှင့် ရိုင်းပင်းကူညီရေး အဖွင့်စကား ပြောကြားခဲ့ကြောင်း၊ ထို့နောက် ဘာသာပေါင်းစုံ ဆုတောင်းကဏ္ဍတွင် အရှင်ဝိသုတ (ဒယ်ဂူးဘုန်းဘုန်း)၊ သိက္ခာတော်ရ ဆရာဗန်ထကျဲအို၊ ဆရာကျော်ကျော်လွင်တို့က ဘာသာအသီးသီးအတွက် ဆုတောင်းပေးကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article