34 C
Yangon

မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေး ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

Must read

မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေး ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

ရန်ကုန်၊ ဧပြီ ၁၃

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ယနေ့ သင်္ကြန် နှစ်သစ်ကူး အဖြစ် ထုတ်ပြန်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် အမေရိကန်က ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်း မင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများအတွက် အမေရိကန် ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

သင်္ကြန်ဆိုသည်မှာ အတိတ်ကို ပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ကြောင်း၊ ယခုနှစ်တွင် မတ် ၂၈ ရက်နေ့ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ တစ်ပေါင်းတစ်စည်းတည်း ရှိနေကြောင်း၊ ဤခက်ခဲသော ကာလအတွင်း မြန်မာပြည်သူများနှင့် အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေကြောင်း၊ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article