26 C
Yangon

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လဝကျေးရွာအနီး တိုက်ပွဲများ ၃ ရက်ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်နေ

Must read

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လဝကျေးရွာအနီး တိုက်ပွဲများ ၃ ရက်ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်နေ

ရန်ကုန်၊ ဧပြီ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လဝကျေးရွာအနီး စစ်ကောင်စီတပ်များနှင့် KIA တပ်များအကြား တိုက်ပွဲများ ၃ ရက်ဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှု များပြားနေကြောင်း KIA သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၃ ရက်နေ့၊ ဧပြီလ ၁၄ ရက်နေ့ နှင့် ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းအဖွဲ့များက စစ်ကြောင်းထိုးလာ၍ KIA တပ်များနှင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

“မနေ့ ညနေ ကာမိုင်းမြို့၊ လဝ ကျေးရွာ အနီးလီဒိုလမ်းတစ်ဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးလာကျဲသွားတယ်။ တောက်လျှောက်တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိပြီ။ ဒီမနက်လည်း တိုက်ပွဲ တောက်လျှောက်ဖြစ်နေတာ။ ကာမိုင်း ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေ လှမ်းပစ်ကူနေတယ်။ လဝဘက်ခြမ်းကို မင်းစေတန် ပြည်သူ့စစ် ၊ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့လည်း ဗုံးလိုက်ကျဲတယ်။ KIA ရှိတဲ့ဘက်ကို။ ဂျက်ဖိုက်တာနဲ့ ဗုံးလိုက်ကျဲနေတယ်။ လီဒိုလမ်းဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ ဒီ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းမှာ မင်းဇေသန့် ပြည်သူ့စစ်နဲ့ စစ်ကောင်စီအဖွဲ့က ထိခိုက်ကျရှုံးတာတွေ များတယ်လို့ သတင်းရတယ်။” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်နှင့် ပူးပါင်းအဖွဲ့များသည် လီဒိုလမ်းတစ်ဝှိုက်ကို နယ်မြေစိုးမိုးရန်ကြိုးပမ်းနေခြင်း ဖြစ်ပြီး ဖားကန့်ဘက်ကိုလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

” ဒီရက်ပိုင်း ဖားကန့်ဘက်ကိုဆိုရင် အင်းတော်ကြီးဘက်ကနေ စစ်ကောင်စီနဲ့ ပူးပေါင်း စစ်ကြောင်း စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲဖြစ်တာ ရှိတယ်။ သူတို့ဘက်က ၅ ယောက်ကျတယ် သေနတ်တွေလည်း သိမ်းမိတာရှိတယ်။ အင်းတော်ကြီးဘက် လမ်းကြောင်း ဖားကန့်က တက်လာတဲ့ လမ်းကြောင်းမှာ ။ နောက်တစ်ခုက မြစ်ကြီးနား လဝ ဖားကန့်လမ်းတစ်ကျောမှာ သူတို့က ဖားကန့်ကို တက်လာအောင် စစ်ကြောင်းထိုးနေတာရှိတယ်။ စစ်ကြောင်း ၂ ကြောင်း သူတို့လှုပ်ရှားနေတာရှိတယ်”ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလောတွင် အကြမ်းဖက်စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ယနေ့ ဧပြီလ ၁‌‌၅ရက်နေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင်လည်း တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ကာမိုင်းမြို့၊ လဝကျေးရွာသို့ ဗုံးများကျဲချသွားကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article