28.3 C
Yangon

ထီးလင်းမြို့နယ်၊ စင်းစယ်ကျေးရွာရှိ တန်ဖိုးရှိပစ္စည်းများ၊ ရိက္ခာများကို စစ်ကောင်စီအဖွဲ့က ခိုးယူပြီး နေအိမ်များကို မီးတင်ရှို့သွား

Must read

ရန်ကုန်၊ ဇွန် ၇

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ စင်းစယ်ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကား ၂ စီးဖြင့် ယမန်နေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင်ဝင်ရောက်လာကာ တန်ဖိုးရှိပစ္စည်းများ၊ ရိက္ခာများကို ခိုးယူကာ နေအိမ်များကို မီးတင်ရှို့သွားကြောင်း ယောဒေသ PDF တပ်ပေါင်းစု YRPA က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ စစ်ကား ၂ စီးသည် ဂန့်ဂေါမှ ကျောသို့ ပြန်လည်ထွက်ခွာလာသော စစ်ကား ၅၄ စီးပါ စစ်ကောင်စီတပ်ဖွဲ့မှဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ကာ စင်းစယ်ကျေးရွာသို့ ဝင်ရောက်ခိုးယူ မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

‘စင်းစယ်ကျေးရွာသို့ ဝင်ရောက်၍ လူနေအိမ်များမှစားနပ်ရိက္ခာ ပစ္စည်းများရှာဖွေယူဆောင်ခြင်း၊ လူနေအိမ်များ စပါးကျီများ လမ်းဘေးတောများမှ လူနေတဲများအား လက်နက်ကြီးဖြင့်ထုခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ပြီးထွက်ခွာသွားခဲ့ပါသည်၊ စခယာဥ်တန်း ပြန်လည်ထွက်ခွာသွားပြီးချိန်တွင် စင်းစယ်ကျေးရွာ ပြည်သူများ နှင့်အတူ PEOPLE’S DEFENCE FORCE-HTILIN (YRPA)ရဲဘော်များမှ မီးရှို့ဖျက်ဆီးခံ လူနေအိမ်များအား မီးငြိမ်းကူခြင်း၊ ပစ္စည်းများပြောင်းရွေ့ကူခြင်း၊ မီးငြိမ်းနေသော ပြည်သူများ၏ လုံခြုံရေးအတွက် ရှေ့ကင်း နောက်ကင်း များယူ၍ အကာအကွယ်ပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာအတွက် အနီးအနားရွာများမှ အကူအညီတောင်းခံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်စီစဥ်ပေးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ‘ ဟု YRPA က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ အကြမ်းဖက်စစ်တပ်က မီးတင်ရှို့မှုကြောင့် စပါး တင်း ၅၀၀ ကျော် သိုလှောင်ထားသည့် တဲ ၁လုံး အပါအဝင် နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း YRPA ထံမှ သိရှိရသည်။

ဓါတ်ပုံ – YRPA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article