35 C
Yangon

နယ်သာလန်နိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်နေသည့် AIRBUS ကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဧပြီ ၁၆

နယ်သာလန်နိုင်ငံတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများတွင် တဆင့်ခံ ပါဝင်ပတ်သက်နေသည့် AIRBUS ကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို AIRBUS ကုမ္ပဏီ၏ ရှယ်ယာရှင်များ အစည်းအဝေး ပြုလု ပ်ရာ အမ်စတာဒမ်မြို့၊ Hotel Okura ရှေ့တွင် ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

AIRBUS သည် တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့် စီးပွားရေး ပူးတွဲ လုပ် ဆောင် နေခြင်းဖြစ်ပြီး မြန်မာပြည်သူများအပေါ် စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများတွင် တဆင့်ခံ ပါဝင်ပတ် သက်နေခြင်းဖြစ်ကြောင်း၊ ဆန္ဒပြလှုပ်ရှားမှုတွင် AIRBUS အနေဖြင့် မြန်မာပြည်က စစ်ရာဇဝတ်မှုများတွင် ရင်းနှီးမြှုပ်နှုံမှု ရပ်တန့်ရန်၊ စီးပွားရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ဥရောပအခြေစိုက် Airbus ကုမ္ပဏီအနေဖြင့် တရုတ်အစိုးရပိုင် AVIC နှင့် လက်တွဲလုပ်ဆောင်နေခြင်းသည် မြန်မာနိုင်ငံတွင် ဆက်လက်၍ ပိုမို ဆိုးရွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ထောက်ပံ့နေခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article