မြိုင်မြို့တွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ
မကွေးတိုင်း၊ မြိုင်မြို့မြောက်ဘက်၌ ဂိတ်ကင်းစောင့်နေသော စစ်တပ်ကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် မြိုင်မြို့၏ မြောက်ဘက်ဂိတ်တွင် လုံခြုံရေးကင်းစောင့်နေသော စစ်တပ်ကို အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့ကမြို့ထဲမှာလည်း အဖွဲ့လိုက်ပဲနေရဲတော့တာပါ။ အခုက ဂိတ်မှာရှိတဲ့သူတွေကို ဝင်ပစ်ခဲ့တာ။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၂ ဦးကိုင်ဆောင်သည့် MA-1 အမျိုး အ စား သေနတ် ၁ လက်၊ Carbine အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည် ၂၃ တောင့်တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ မှ အညာတပ်ပေါင်းစု၊ ပွိုင့်တစ်ထောင် ဗိုလ်ပြောင်အဖွဲ့တို့ ပူး ပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရဲ ၊ ပျူစောထီးများနှ့င် ဝေးဝေးနေ ထိုင်ပေးကြပါရန်နှင့် သတိဝီရိယထားကာ ရှောင်ကွင်းသွားလာကြပါရန် တိုက်တွန်းထားသည်။


