30 C
Yangon

မန္တလေးအိုဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး နောက်ဆက်တွဲ အခြေအနေ စိုးရိမ်နေရ

Must read

မန္တလေးအိုဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး နောက်ဆက်တွဲ အခြေအနေ စိုးရိမ်နေရ

ရန်ကုန်၊ ဧပြီ ၂၀

မန္တလေးအိုဘိုထောင်တွင်ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးပြီး နိုင်ငံရေးအကျဉ်းသားအကျဉ်း သူများ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံး ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မန္တလေးအိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများအပါအဝင် ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ရသည့်အပြင် လက်ရှိ နိုင်ငံရေးအကျဉ်းသားများကို ငလျင်ကြောင့် ပျက်စီးယိုယွင်းနေသည့် အကျဉ်းထောင်အဆောက်အအုံများအတွင်း ဝင်ရောက်နေထိုင်ရန် အတင်းအကျပ်စေခိုင်းနေကြောင်း၊ မလိုက်နာလျှင် ထောင်ပြောင်းမည်ဟူသည့် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် အကျဉ်းထောင်များတွင် အကူအညီများလိုအပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်များထဲမှ နိုင်ငံရေးအကျဉ်းသားများအား အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စွာ ဖိနှိပ်အကြမ်းဖက်မှု အခြေအနေအား စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြရန်လည်း အဖွဲ့များက စုပေါင်းတောင်းဆိုထားသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံး အကျဉ်းထောင်မှာ ငလျင်ဒဏ်အများဆုံးထိခိုက်ခံရသည့် မြို့များတွင်သည့် မန္တလေးမြို့ အိုးဘိုထောင်ဖြစ်ပြီး အိုးဘိုထောင်တွင် ထောင်တွင်းအချက်အလက်များအရ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ ဦးကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသား ၁၀ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၀ ဦးအပါအဝင် အကျဉ်းသူ အကျဉ်းသား စုစုပေါင်း ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မြေပြင်တွင် အခုထက်ပိုမို များပြားနိုင်သည့် အခြေအနေများရှိကြောင်း သိရှိရသည်။

“ လက်ရှိ ဒီနေ့ ထုတ်ပြန်တဲ့အထိ အနည်းဆုံး ကျွန်တော်တို့ အတည်ပြုထားပြီးသား နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ အယောက် ၂၀ ကျော် အပါအဝင် စုစုပေါင်း အကျဉ်းသူ အကျဉ်းသား အားလုံးပေါင်းလိုက်ရင် ၃၀ ကျော်လောက် ငလျင်ကြောင့်မို့လို့ အသက်တွေ သေဆုံးခဲ့ကြရပြီး ဖြစ်ပါတယ်။ ထပ်ပြီးမှ သေဆုံးနိုင်ခြေများတဲ့ လူတွေလည်း ဆက်ပြီးရှိနေပါတယ်။ လက်ရှိမှာ အကျဉ်းထောင်တွင်းက သေဆုံးမှု အရေအတွက်ဟာ အတော်လေးကိုမှ စိုးရိမ်ရတဲ့ အရေအတွက်တစ်ခုကို ဖြစ်လာတယ်။ ဒါကို ပြည်သူတွေ အားလုံးအနေနဲ့ အာရုံစိုက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း အထူးအာရုံစိုက်ပြီးတော့ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ လုပ်ပေးကြဖို့ ကျွန်တော်တို့ အဓိက တိုက်တွန်းချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသူ/သားများသည် ငလျင်ကပ်ဘေးကို ဆိုးရွားစွာထိခိုက်ခံစားခဲ့ကြရသော်လည်း လက်ရှိအချိန်ထိ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့စည်းများထံမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီမရရှိကြသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ သတင်းအမှောင်ချခံထားရသည့် အခြေအနေတွင်ရှိနေကြောင်း သိရှိရသည်။

ငလျင်ဒဏ်ခံစားထားရသည့် နိုင်ငံရေးအကျဥ်းသူ/သားများကို ထောင်ပြောင်းရွှေ့မည်ဟု ခြိမ်းခြောက်ဖိနှိပ်မှုများလည်း ပြင်းပြင်းထန်ထန် ပြုလုပ်နေလျက်ရှိကြောင်း၊ ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားထားရသည့် နိုင်ငံရေးအကျဥ်းသူ/သားများမှာ ထောင်တွင်းဆေးကုသမှု လုံလုံလောက်လောက် မရရှိကြရကြောင်း၊ ယင်းအပြင် အကျဥ်းထောင်၀န်ထမ်းများ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကိုပါ ခံနေရကြောင်း သိရှိရသည်။

ငလျင်ဒဏ်သင့် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားများ ကြုံတွေ့ခံစားနေရသည့် အခြေအနေများနှင့် ပတ်သက်၍ Political Prisoners Network – Myanmar (PPNM)၊ Assistant Association For Political Prisoners (AAPP)၊ Karenni Political Prisoners Association (KPPA) ၊ Women’s Organization Of Political Prisoners (WOPP) ၊ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ (FPPS)၊’နွေဦးတမာန်’ နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေးအဖွဲ့ ၊ ထောင်ဝင်စာပို့ကြမယ် အဖွဲ့တို့ က စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ယနေ့ စုပေါင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မန္တလေးတွင် ငလျင်လှုပ်ခတ်ပြီးနောက် အထပ်မြင့်တိုက်တာများ တိမ်းစောင်းနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article