ဝန်းသိုမြို့နယ်၊ နန်းချိုရွာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းချိုရွာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဝန်းသိုမြို့နယ်၊ နန်းချိုရွာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနေ့က ညက ဝန်းသိုမြို့နယ် နန်းချိုရွာကို ဂျက်ဖိုက်တာနဲ့ ၂ ချက်ပစ်တာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံ ပျက်သွားတယ်။ ထိခိုက်သူ မရှိဘူးလို့ သိရှိရတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
