30 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ အရာတော်မြို့နယ်ရှိ စပါးတွင်း ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ အရာတော်မြို့နယ်ရှိ စပါးတွင်း ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့မှ ထွက်လာသော စစ်ကား ၈ စီးပါ အကြမ်းဖက် စစ်ယာဉ်တန်းကို ချောင်းဦးမြို့ မုံရွာ-မန္တလေး လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ယာဉ်တန်းမှ ဒုတိယ မြောက်ကားပေါ်တွင် လိုက်ပါလာသည့် စစ်သား ၁ ဦး ဦးခေါင်းကို ကျည်ထိမှန်ပြီး ပြီးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်းအားက ၂၅၀ လောက်ပါတယ်။ စစ်ကားကတော့ ထိခိုက်ပျက်စီးမှု မရှိပါဘူး။ စစ်ခွေးတွေဘက်ကတော့ ပြန်လည်ပစ်ခတ်တာမျိုးတော့ရှိတယ် ” ဟု BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စပါးတွင်း ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BIA ဒီပဲယင်း LDF ဒီပဲယင်း တိုက်နယ် ၃ ဒရုန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့တွင် အရာတော်မြို့နယ် တောင်ဖက်ခြမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော စပါးတွင်း ပျူစောထီးရွာကို ဒေသတွင်း တပ်ရင်းများ၊ ပကဖများနှင့် အတူပူးပေါင်းကာ Fixed Wing Drone များ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ B.I.A (ဒီပဲယင်း) LDF (ဒီပဲယင်းတိုက်နယ် ၃ ဒရုန်းအဖွဲ့) အဖွဲ့ အနေနဲ့ ယခင်ပွဲတုန်းက ၃၅သိန်းတန် fixed ၅ စင်း ဆုံးရှုံးခဲ့ပြီးဖြစ်တယ်။ နောက်ထပ် fixed wing များ ထပ်မံဝယ်ယူနိုင်ဖို့လည်း ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု BIA ဒီပဲယင်း LDF ဒီပဲယင်း တိုက်နယ် ၃ ဒရုန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့ နှင့်အခြားမဟာမိတ်များဖြစ်ကြသော နယ်မြေခံ အရာတော်မြို့နယ် ရင်းအဖွဲ့များ ပကဖအဖွဲ့များနှင့် ဒီပဲယင်းမြို့နယ်ပကဖ မဟာမိတ်များဖြစ်ကြသော ဂဠုန်မင်း (ဒီပဲယင်း တိုက်နယ် ၃ ပကဖ) ၊ကြောင်ရိုင်း (ရွှေဘို ပကဖ) ၊ အရာတော်မြို့နယ် ပကဖ ၊ ရက္ခကြီး (အရာတော် ပကဖ) ၊ စနေမုန်တိုင်း (အရာတော် LDF) ၊ ဗိုလ်စံရှား (ဒီပဲယင်းပကဖ) ၊ သရဲကြီး (ဒီပဲယင်းပကဖ) ၊ မတစ်ထောင် တကောင်ဘွား (ဒီပဲယင်းပကဖ) မဟာမိတ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article