Khit Thit သတင်းဌာန၏ ဧပြီ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်ရဲ့ ကြားဝင်အကြပ်ကိုင် စွက်ဖက်မှုကြောင့် စစ်ကောင်စီတပ်တွေ မြို့ထဲပြန်လည်ဝင်ရောက်ခွင့်ရသွားတာကို မြန်မာ့အရေးမှာ ဝင်ရောက် စွက်ဖက်မှုမရှိဘူးဆိုပြီး တရုတ်နိုင်ငံအစိုးရက ဗြောင်ကျကျငြင်းဆိုလိုက်ပြန်ပါတယ်။
-မွန်ပြည်နယ် ဘီးလင်းမြို့နယ်က အလူးလေးကျေးရွာအနီး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေးပူးပါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးကတော့ အသီးသီး သေကုန်ကြပြန်ပြီလို့ နဂါးဖြူတပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့က စစ်ဘေးရှောင် ပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေးပြီး ပိုက်ဆံ မပေးနိုင်တဲ့သူတွေကို ဖြတ်သန်းခွင့်မပေးပဲ ပြန်လှည့်ခိုင်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
