30 C
Yangon

ပခုက္ကူ၊ ညောင်ဂျစ်ပင်ရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိ

Must read

ပခုက္ကူ၊ ညောင်ဂျစ်ပင်ရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ပျူစောထီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Myaing Garuda People’s Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၇ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူစောထီးကျေးရွာမှ ရိက္ခာရှာ ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ပျူစောထီး ၁ ဦး အရှင် ဖမ်းမိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားကတော့ ၁၃ ယောက်လောက်ရှိမှာပါ။ ရိက္ခာရှာဖို့ ထွက်ရင်း ကင်းပတ်နေတာ လက်နက်မရခဲ့ပါဘူး။ စစ်ခွေးတွေ ဘက်ကတော့ ပြန်လည် ပစ်ခတ်တာမျိုးရှိပါတယ်။ အခုလို ပျူစခန်းတွေထဲမှာ ငတ်ပြတ်ပြီး သေမယ့်နေ့ စောင့်နေမယ့်အစား ပြည်သူတွေဘက်ကို ကူးပြောင်းခိုလှုံဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူပေါင်းဖို့ အဓိက ပြောချင်ပါတယ်” ဟု Myaing Garuda People’s Defense Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ခွဲ ၂ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article