26 C
Yangon

ညောင်ဦးမြို့နယ်၊စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ညောင်ဦးမြို့နယ်၊စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေ ရဲစခန်းမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း Bagan Bo Cho PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ချောက်မြို့မှ စဉ့်ကူရဲစခန်းသို့ အကြမ်းဖက် စစ်ကောင် စီ တပ်သား ၆၀ ခန့်သည် စစ်ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ည‌နေ ၅ နာရီခန့်တွင် တပ်မရေနံမှော်ဘက်သို့ စစ်ကြောင်းထိုးလာစဉ် Bagan Bo Cho PDF နှင့် မဟာမိတ် တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ် ပွားပြီးနောက် သေဆုံးသွားသော စစ်သား အလောင်းများကို မီးရှို့သွားကြောင်း သိရှိရသည်။

“အဲဒီတိုက်ခိုက်မှုမှာ စစ်ခွေး ၄ ကောင်သေတယ်။ စဉ့်ကူရဲစခန်းကနေ တပ်မရေနံမှော်ဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အချိန် ကြားဖြတ် တိုက်ခိုက်ခဲ့တာ တိုက်ပွဲဖြစ်ပွားပြီးတော့ သေဆုံးသွားတဲ့ စစ်ခွေး အလောင်းတွေကို မီးရှို့သွားတယ်။ ပြည်သူတွေ အနေနဲ့ စစ်ရေး အသိ သတိရှိကျဖို့ ပြောချင်ပါတယ်” ဟု Bagan Bo Cho PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Bagan Bo Cho PDF နှင့် မဟာမိတ် တပ်ဖွဲ့များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ Bagan Bo Cho PDF တပ်ဖွဲ့က စစ်အာဏာရှင် တော်လှန်ရေးကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်လျက်ရှိရာ ပြည်သူများအနေဖြင့် ရဲဘော်များ၏ ကျည်ဖိုး၊ လက်နက်ဖိုးများ အတွက် ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံကြောင်း Bagan Bo Cho PDF မှ တာဝန်ရှိသူက တိုက်တွန်း ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article