Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်သူအပေါ် အကြမ်းဖက် လုပ်ရပ်တွေကို အာဆီယံက လျစ်လျူရှုထားရင် မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်မှု မရနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိပေး ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကြံသာ ကျေးရွာဘက်ကို ဝင်ရောက်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၂၇ ဦးကတော့ သေကုန်ကြပြန်တဲ့အပြင် အလောင်းတွေနဲ့အတူ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားပြီး ၊ စစ်ကူလာနဲ့ Mi 35 ရဟတ်ယာဉ် ၁ စီးကိုပါ ထိမှန်သွားအောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ Chinland Information Center နဲ့ CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ တို့က ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ရွှေဇာမဏီ ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ ၂၃ ကျပ်သား ပါသွားပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
