ရန်ကုန်၊ ဧပြီ ၃၀
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ၂ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၄ ရက် နံနက် ၁၁ နာရီခန့်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ လဲရှောင်ကျေးရွာ၊ ခြေတော် ရာတောင်ခြေအနီးတွင် ထားဝယ်အထူးစီးပွားရေးဇုံသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ် ကြောင်းကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၈ ဦးထက်မနည်းသေဆုံးကာ အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ၊ ထားဝယ် ပြည်သူ့ လွတ် မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း ၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ T1 ၊ ဒေါန စစ်ကြောင်း ၃ ၊ တပ်ခွဲ-၄ (KBDF) ၊ တပ်ခွဲ – ၆ (ဝေဟင်) ၊ တပ်ခွဲ – ၇ (LPF) ၊ ထားဝယ်ခရိုင် ပြည် သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ၊ DGRF ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေဘီလုံးတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံတပ်သားများအနေဖြင့်လည်း ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းပါဝင်ကြရန် အသိပေးတိုက်တွန်းထားသည်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ထီးခီးနယ်စပ်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလလယ်ပိုင်းတွင် စစ်တပ်က အင်အားများစွာဖြင့် ထားဝယ်-ထီးခီးလမ်းအတိုင်း နယ်စပ်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာကြောင်း၊ စစ်ကြောင်း ၃ ခုခွဲ၍ မြို့ပေါ် လမ်းများနှင့် တောလမ်းများအတွင်း ဝင်ရောက်လာနေကြောင်း၊ စစ်ကြောင်းများမှာ လက်နက်အပြည့်အစုံပါဝင်ပြီး လက်နက်ကြီးများလည်း ပါဝင်ကြောင်း သိရှိရသည်။
ထားဝယ်မြို့နယ်၊ ထီးထဗျူဟာစစ်စခန်းကို ဧပြီလ ၁၉ ရက်နေ့တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းကဲ့သို့ စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
