ရန်ကုန်၊ မေ ၁
မြန်မာနိုင်ငံတွင် ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက် စစ်အုပ်စုက နျူကလီးယားစွမ်းအင်ကို အလွဲ သုံးစား ပြုလုပ်ဦးမည်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေးပြောဆိုလိုက်သည်။
ဧပြီလ ၃၀ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၆ ခုနှစ် နျူကလီးယား လက်နက်များ မပြန့် ပွားရေး စာချုပ်ဝင် နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံအတွက် ပြင်ဆင်ရေးကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စု အနေဖြင့် နျူကလီးယားအရေးပေါ် အခြေအနေ တုံ့ပြန်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှု ရှိမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးအလွန် လူသားချင်းစာနာမှု အကူအညီပေးမှုကို လက်နက်အဖြစ် အသုံးချသော အကြမ်းဖက် စစ်အုပ်စုက နျူကလီးယားနည်းပညာကိုလည်း လက်နက်အဖြစ် အသုံးချမည်သာဖြစ် ကြောင်း၊ ငလျင်ဒဏ်သင့်အပြီးကာလ ဂျက်လေယာဉ်ဆီကိုတလွဲသုံး၍ အရပ်သားပြည်သူများအပေါ် လေ ကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၂၂၅ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုအနေဖြင့် နျူကလီးယားစွမ်း အင်ကို လည်း အလွဲသုံးစားပြုလုပ်ဦးမည်သာဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကျော်မိုးထွန်း က မတ်လ ၂၈ ရက်နေ့ မြန် မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ဖျက်အားမြင့် ငလျင် ဘေးအန္တရာယ် ပြီးနောက် တွင်ပင် အကြမ်းဖက် စစ်တပ်က အရပ် သားပြည်သူများအပေါ် ခွဲခြားမှုမရှိသော လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ၎င်းတို့၏ အမည်ခံနျူကလီးယားစွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကိုသာ ပိုမိုအာရုံစိုက်နေဆဲဖြစ်ကြောင်း ထောက်ပြသည်။
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ များကို လေးစားလိုက်နာမှုမရှိသည့် အကြမ်းဖက်စစ်အုပ်စုက နျူကလီးယား လက်နက်များ မပြန့်ပွားရေး စာချုပ်၏ အပိုဒ် (၃) အရ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) နှင့်လည်း ရိုးသားစွာ ပူးပေါင်းဆောင် ရွက်မှုရှိမည်မဟုတ်ကြောင်း ၎င်းက ထပ်မံ သတိပေးပြောဆိုသည်။
နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများကို ပြုလုပ်ရာတွင် စစ်အာဏာရှင်စနစ်အဆုံးသတ်၍ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားလာမှသာလျှင် မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း သံအမတ်ကြီးက အကြံပြုသည်။
အကြမ်းဖက်စစ်အုပ်စုက ရုရှားနှင့်ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်နိုင်သော နျူကလီးယားဓာတ်ပေါင်းဖိုကို ဆောက်လုပ်ရန် နှစ်နိုင်ငံ သဘောတူညီလက်မှတ်ရေးထိုးထားပြီး အဆိုပါလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်လျက်ရှိကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


