32 C
Yangon

တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၁

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ) လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့ဒုံး ၆ လုံးစလုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရသည်။

ယင်း တောင်ငူလေတပ်စခန်းသည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းတောင်နှင့် ပဲခူး အစရှိသည့် တောင်ပိုင်း တော်လှန်ရေး အင်အားစုများနှင့် ပြည်သူတို့ကို လေကြောင်းဖြင့် နေ့စဉ်မပြတ်ဗုံးကျဲ တိုက်ခိုက်နေသော အဓိက လေတပ် စခန်းဌာနချုပ် တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော နေပြည်တော် အေလာလေတပ်စခန်းကို ပြန်လည် ပြင်ဆင်နေချိန်တွင် တိုက်လေယာဉ်အချို့ကိုလည်း လက်ခံပေးထားပြီး တောင်ငူလေတပ်ကို ပိုမို အသုံးပြု တိုက်ခိုက်နေသည့် အတွက် BWM နှင့် မဟာမိတ် အဖွဲ့များက လေတပ် နှိမ်နင်းရေး မစ်ရှင်အဖြစ် BWM Mission 36 ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်းသိရှိရသည်။

BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ဧပြီလ ၃ဝ ရက်နေ့ နံနက်အစောပိုင်းတွင် တောင်ငူရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂၄ နာရီအတွင်း တောင်ငူလေတပ်စခန်းတို့ကို ဆက်လက် ပစ်ခတ်တိုက်ခြင်း ဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း လေတပ် အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေကြောင်း သိရသည်။

” ကျနော်ပစ်ပြီးပြီးချင်း စကစဘက်က ၁၂၀ မမ၊ ၆၀မမတွေနဲ့ရော စက်လက်တွေနဲ့ရော ဆက်တိုက်ကိုပြန်ပစ်ပါတယ်။ ၉နာရီ ၄၀ လောက်ကနေ ည၁၁ နာရီအထိကိုဆက်တိုက်ပြန်ပစ်ပါတယ်။ အဲ့လိုပစ်နေတဲ့ကြားကပဲ ရဲဘော်တွေဘေးကင်းစွာပြန်ဆုတ်လာနိုင်ခဲ့ပါတယ်။ ဧပြီ ၃၀ တစ်ရက်တည်းမှာ တောင်ငူလေတပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်တိုက်တိုက်ခိုက်ခဲ့ရတာမို့ အတော်လေးခက်ခဲခဲပေမယ့် အောင်မြင်မှုရလို့ ကျေနပ်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) 3 : Mountain Knight Civilian Defense Forces (MKCDF)। Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article