28 C
Yangon

မင်းလှမြို့နယ်အတွင်း ၂ ရက်ဆက် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၁

ပဲခူးတိုင်း၊ မင်းလှမြို့န​ယ်အတွင်း ၂ ရက်ဆက် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ မင်းလှမြို့နယ်၊ ငမိုးရိမ်ရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းသည် ငမိုးရိပ်ကျေးရွာအတွင်း ရှိသေးနေပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မင်းလှမြို့နယ်ရှိ ဇရစ်မျှောင်ရွာ အရှေ့ကုန်းနှင့် ရွှေပေါက်ပင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၈ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ တာကလေးရွာ ဘုန်းကြီးကျောင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်ခတ်သော လက်နက်ကြီးကျည် ၄ လုံး ငလှစမ်းရွာပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာတွေကို တောက်လျှောက် စစ်ကြောင်းထိုးနေတာ ဆိုတော့ ပြေးနေရတဲ့ ပြည်သူကလည်း ထောင်နဲ့ချီတယ်။ အခုစစ်ခွေးတွေ မီးရှို့ဖျက်ဆီးတာ ကျေးရွာက ၃ ရွာရှိသွားပြီ နေအိမ် ပျက်စီးမှုအခြေအနေကိုတော့ အတည်ပြုလို့မရဘူး။ ကျေးရွာတွေထဲကိုလည်း လက်နက်ကြီးတွေက ဆက်တိုက်ကို ပစ်ထည့်နေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျောင်းရွာ၊ ရွေးကုန်း၊ ခွက်မ၊ စမ်းဘုတ်၊ ထောက်ကြန့်၊ ပက်တန်း၊ ဂန့်ဂေါ်ပင်၊ ဦးတိုကညင်ပင်၊ အင်ကြင်းကုန်းနှင့် စမ်းတောင်ကွေ့ အုပ်စုတို့ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article