ရန်ကုန်၊ မေ ၁
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ မှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် သပြေ ညွန့် စခန်းမှ စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ယောနသံဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း ထန်းတပင်မြို့နယ် အခြေစိုက် ခလရ ၇၃ တပ်ရင်းမှ သပြေညွန့်စခန်း ကို ရိက္ခာပို့ရန် ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ခလရ ၇၃ တပ်ရင်းကနေ သပြေညွန့်စခန်းကို ရိက္ခာပို့ဖို့လာတဲ့ စစ်တပ် စစ်ကြောင်းကို PDF ပူပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးတယ်” ဟု တပ်ရင်း ၃၅၀၁ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဧပြီလ ၂၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNU တပ် မဟာ ၂ နယ် မြေသပြေညွန့်စခန်းမှ ဒဏ်ရာရစစ်သားများကို ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ် ရင်းသို့ ပို့ဆောင်ရန် ထွက်လာသည့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးသွားကြောင်းသိရသည်။
“တိုက်ပွဲက မနက်ပိုင်းကစတာ ညအထိပဲ၊ အင်အားက ၇၀ လောက်ရှိတယ်၊ ခလရ ၇၃ ကနေလာတဲ့ စစ်ကြောင်းကို သပြေညွန့်ကနေ ထွက်ကြိုတဲ့သဘော၊ လူနာတွေလည်းပါတယ်။ အဲဒီစစ်ကြောင်း ၂ ကြောင်းလုံးကို အဖွဲ့တွေခွဲပြီး တိုက်ခိုက်ခဲ့ကြတာပါ။ သပြေညွန့်စခန်းကနေလာတဲ့စစ်ကြောင်းက ပြည်သူတွေကို ဖမ်းလာပြီး လူသားဒိုင်းကာ လုပ်ပြီးလာတာ။ ထွက်ပြေးလွတ်မြောက်လာတဲ့သူဆိုရင် ဖမ်းလာတဲ့အချိန် ဒရုန်းကျလာလို့ စခတွေထွက် ပြေးတဲ့အချိန်မှာ သူလည်းထွက်ပြေးလာခဲ့တာ လို့ ပြောတယ်” ဟု ယောနသံဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုများကို တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်အရေးအဖွဲ့ (ပကဖ)နှင့် တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ ၃၅၀၂ တပ်ရင်း တပ်ခွဲ ၃၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၂ ၊ တပ် ရင်း ၃၅၀၂ ၊ KNU တပ်မဟာ၂ တပ်ရင်း ၆ နှင့် ယောနသံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
