28 C
Yangon

ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဝင်ရောက်လာ‌သော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဝင်ရောက်လာ‌သော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်နေသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Myaung Drone Force MDF မှ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်းသို့ ဝင်ရောက် မွှေနှောက်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်း ဗုံးသီး ၁၃ လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းလည်း မသိရသေးပါဘူး။ စစ်ကြောင်းက မထွက်သေးတဲ့ အတွက်ပါ။ စစ်ခွေးတွေက ပြည်သူတွေကို တစ်ယောက်ပြီး တစ်ယောက် ထုတ်သတ်နေတယ်လို့ သိရလို့ သွားရောက် ဒရုန်းချခဲ့တာပါ။ ဒရုန်းချချိန်ပြေးလွှားပြီး အိမ်တွေထဲ ဝင်ပြေးတာတော့ မြင်ရသလို လက်နက်ကြီး၊ လက်နက်ငယ်‌‌တွေနဲ့လည်း ပစ်ခဲ့ပါတယ်။ စစ်ခွေးတွေက ပြည်သူတွေ သတ်တာတော့ အနီးကပ်စောင်ကြည့်သူမရှိလို့ အတိအကျတော့ မသိရပါဘူး” ဟု Myaung Drone Force MDF မှ ကျားခင်စိန်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ( ၁ ) တပ်ရင်း အမှတ် (၃) တပ်ခွဲ ၊ မုံရွာခရိုင် ပကဖ ဒရုန်းလက်ရုံးတပ် ၊ Myaung Drone Force M.D.F ၊ ဗိုလ်စာကလေး Drone Strike ၊ အားမန်သစ် ( ငါးဇွန်) ၊ အောင်သပြေညီနောင် Local pdf ၊ peacock Drone Team (Myaung)၊ Revolutionary Air Force (Myaung) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article