32 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားနိုင်ငံမှာပြုလုပ်မယ့် ရင်ပြင်နီစစ်ရေးပြ အခမ်းအနားကို မကြာခင်က အပြီးအပြတ် ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့ပဲ မေလ ၆ ရက်နေ့မှာ သွားရောက်ဖို့လုပ်နေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်း ၆ ခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေ က တစ်ရက်တည်းမှာပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အယောက် ၂၀ ကျော်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် လက်နက်ပေါင်း ၃၀ ကျော်နဲ့ခဲယမ်းတွေပါ သိမ်းဆည်း ရရှိထားတယ်လို့ PDF တောင်ပိုင်းတိုင်းစစ်ဒေသ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီ နဲ့ ဆွေးနွေးပွဲ ပျက်ပြယ်တဲ့အကြောင်းကို TNLA ဘက်က တရားဝင် သတင်းထုတ် ပြန်ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီက TNLA ထိန်းချုပ်ရာ မိုးကုတ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို တိုက်လေယာဉ် တွေ နဲ့လာပြီး ညအချိန်ကြီးမှာပဲ ဗုံးတွေ ကျဲချသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article