32 C
Yangon

ပေါက်မြို့နယ်၊ ရွှေဘုံသာ ပျူစောထီးရွာတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

Must read

ပေါက်မြို့နယ်၊ ရွှေဘုံသာ ပျူစောထီးရွာတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာ ပျူစောထီးရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိကြောင်း Phoenix Guerrilla Force ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော် ခက်ဝါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့တို့တွင် ပေါက်မြို့နယ် ရွှေဘုံသာ ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ကင်းကုန်းများ၊ ဘန်ကာများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ဒရုန်း ၈ စင်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ၂ ရက်စာ ဒရုန်း ၈ စင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ရွှေဘုံသာပျူရွာက ပေါက်နယ်မှာ ကပစ ၂၄ အတွက် အကာ သဘော မျိုး ဖြစ်နေတော့ ကပစ က နေရော ကပစ နားက ပျမ မီးဆိုဒ် ကနေရော အမြဲ ပစ်ကူပေး ထောက်ကူပေးနေတာပါ။ ဒါပေမယ့် ကျနော်တို့ အနေကတော့မရ ရတဲ့ နည်းနဲ့ ထိုးနှက်နေမှာပါပဲ။ မရှိ ရှိတာနဲ့ အမြဲ ထိုးနှက်နေမှာပါပဲ” ဟု Phoenix Guerrilla Force ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော် ခက်ဝါက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article