28.7 C
Yangon

မြို့သစ်-နေပြည်တော် လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ၁ ဦး အပါအဝင် ၇ ဦးသေဆုံး

Must read

မြို့သစ်-နေပြည်တော် လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ၁ ဦး အပါအဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ မြို့သစ်-နေပြည်တော် လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသော ကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ၁ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မြို့သစ်-နေပြည်တော် လမ်းပိုင်း၌ ရွှေပန်းရွာမှ ပျူ‌စောထီးများ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ပျူစောထီး ခေါင်းဆောင် ၁ ဦး အပါအဝင် ပျူစောထီး ၇ ဦးသေဆုံးပြီး စာရွက်စာတန်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“မြို့သစ် နေပြည်တော် လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။ လိုင်းအခက်ခဲကြောင့် အခုမှ ထုတ်ပြန်ဖြစ်တာ သူတို့က မဘသ သွေးသောက် မင်းမင်းရဲ့ လက်ရုန်းတွေဆိုတော့ နယ်မြေထဲမှာ အန္တရယ်အရှိဆုံး ပျူအဖွဲ့တွေမို့လို့ သူရဲ့ လက်ကျန် ပျူတွေပါ ဆက်လက် ရှင်းလင်းသွားမှာပါ” ဟု မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article