35 C
Yangon

အမေရိကန်ကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများအတွက် စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့

Must read

အမေရိကန်ကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများအတွက် စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့

ရန်ကုန်၊ မေ ၆

အမေရိကန်များကို ပစ်မှတ်ထားဦးတည်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် စစ်ကောင်စီ လက် အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ကြောင်း တရားဝင် ကြေညာသည်။

စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သား ၂ ဦးဖြစ်သည့် စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း၊ အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုမှုများအတွက် ၎င်းတို့ ၃ ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF က ထိုင်း-မြန်မာနယ်စပ်တွင် ဆိုက်ဘာလိမ်လည်မှု အစုအဖွဲ့များ တည်ရှိရာ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။

“KNA က စီမံဆောင်ရွက်သည့် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများက ရာဇဝတ်ခေါင်းဆောင်နှင့် သူတို့ရဲ့ လုပ် ဖော်ကိုင်ဖက်များအတွက် ဝင်ငွေ ဘီလီယံနဲ့ချီ ရရှိစေပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့ အဲဒီလို ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ အဲဒီကွန်ရက်ကို တားဆီးဖို့ နည်းလမ်းမျိုးစုံ အသုံးပြုသွားမှာဖြစ်ပါတယ်” အမေရိကန်ဘဏ္ဍာရေးဒုဝန်ကြီး Michael Faulkender က ပြောဆိုသည်။

ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်၏ မိသားစုနှင့် မဟာမိတ်များမှာ ကြွယ်၀ ချမ်းသာစေသော နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တွင် ဆိုက်ဘာလိမ်လည်သော ဒုစရိုက်လုပ်ငန်းများလုပ် ဆောင်သည့် ခြံဝင်းကြီးများ၊ တရားမဝင် ကာစီနိုရုံများနှင့် တရားမဝင် လောင်း ကစားလုပ်ငန်းများ ပါဝင်ကြောင်း၊ စစ်တပ်နှင့် လက်အောက်ခံ BGF တို့သည် အဆိုပါ တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်ပြီး နိုင်ငံတကာရာဇဝတ်မှုများမှ အပြစ်ပေး အရေးယူခံရခြင်းမရှိဘဲ ကင်းလွတ်စွာ ကျူးလွန် ချမ်းသာနေကြသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNA ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် ၊ ၎င်းတို့မိသားစုနှင့် မဟာမိတ်များ၏ ကြွယ်၀ ချမ်းသာလာပုံများ၊ နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခုကို တည် ဆောက်ထားသည်။

ဗိုလ်မှူးကြီးစောချစ်သူ (ခ)စံမြင့်တွင်း သား ၂ ဦး၊ သမီး ၁ ဦး ရှိပြီး ဇနီးဖြစ်သူမှာ နန်းခင်လှသူဖြစ်သည်။ စောချစ် သူ၏ သား ၂ ဦးမှာ BGF ဗိုလ်မှူး စောထူးအယ်မှူး အသက် ၃၂ နှစ်၊ ဗိုလ်မှူး စောချစ်ချစ်၊ အသက် ၂၈ နှစ်နှင့် သမီး နန်းနှင်းနန္ဒာအေးအသက် ၂၆ နှစ်တို့ ဖြစ်ကြသည်။

စံမြင့် (စောချစ်သူ၏ နာမည်လွှဲအဖြစ် အသုံးပြုထားသော နာမည်) နှင့် ၎င်း၏ သားသမီးများသည် BGF ပိုင် ကုမ္ပဏီများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း၊ မိသားစုဝင်များအကြား ရှယ်များခွဲဝေ ပိုင်ဆိုင်ထားခြင်းဖြင့် စံမြင့်(ခ) စောချစ်သူ မိသားစုသည် BGF တပ်၏ စီးပွားရေးလုပ်ငန်း ၆ ခုကို ထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်း သိရှိရသည်။

ထို့ပြင် နာမည်ဆိုးဖြင့် ကျော်ကြားသော ကျားဖြန့် ခြံဝင်းကြီး ၂ ခုဖြစ်သော Apollo Park နှင့် Yulong Bay Park တို့တွင်လည်း အနည်းစု ရှယ်ယာရှင်အဖြစ် ပိုင်ဆိုင်ထားကြကြောင်း ၊ ယင်းစီးပွားရေးလုပ်ငန်း ၂ ခုလုံးတွင် စံမြင့်၏ သားဖြစ်သူ BGF ဗိုလ်မှူး စောထူးအယ်မှူးသည် ဒါရိုက်တာနှင့် ရှယ်ယာရှင်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စောချစ်သူ၏ သမီးဖြစ်သူ နန်းနှင်းနန္ဒာအေး အသက် ၂၆ နှစ်သည် စင်ကာပူနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့တွင် ပညာသင်ကြားပြီး စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု ဘွဲ့ရရှိထားကာ BGF ၏ လုပ်ငန်း ၄ ခုတွင် ရှယ်ရှာရှင်နှင့်ဒါရိုက်တာအဖြစ် ပါဝင်နေသည်။

စောချစ်သူ၏ မိန်းမ နန်းခင်လှသူသည် မိသားစုစီးပွားရေးတွင် ပါဝင်လုပ်ကိုင်မှု ရှိသော်လည်း ရှယ်ယာရှင်နှင့်ဒါရိုက်တာရာထူးများကို ရယူခြင်းမရှိ​ပေ။ သို့ရာတွင် သူမက BGF ၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ် ဖြစ်ထွန်းနေသူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article