30 C
Yangon

ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်က ပြည်သူ ၁ ဦးကို လည်လှီးသတ်ပြီး ထန်းတက်နေသူ ၁ ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

Must read

ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်က ပြည်သူ ၁ ဦးကို လည်လှီးသတ်ပြီး ထန်းတက်နေသူ ၁ ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ မေ ၆

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို လည်လှီးသတ်ပြီး ထန်းတက်နေသူ ၁ ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့တွင် ငါ့သရောက်မြို့မှ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူကျေးရွာကို ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် မေလ ၄ ရက်နေ့တွင် ကမ်းဖြူကျေးရွာ လယ်ပြင်သာ တဲတိုက်တွင် ထန်းတက်နေသော ပြည်သူ ၁ ဦးကို လိုက်လံ ဖမ်းဆီးစဥ် သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်းကြောင့် ပေါင်နှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ပြီး ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

မေလ ၅ ရက်နေ့တွင် နံနက်ပိုင်းတွင် ကမ်းဖြူကျေးရွာတွင် နေထိုင်သော ကိုအောင်ဆန်းဝင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ခြေကို ကြိုးတုပ်ချည်နှောင်ပြီး ဝမ်းဗိုက်ကို ဓားဖြင့် ထိုးသွင်းကာ လည်လှီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငါ့သရောက်မြို့ရှိ အို့ရင်း၊ ကြို့ပင်သာ၊ ထောက်ဝ၊ ကမ်းဖြူ၊ ကြီးကန်၊ ကူတော ရွာတို့မှ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်း အဖြစ် ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ငါ့သလောက်မြို့ထဲက ထွက်လာထဲက ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာ အမျိုးသားတွေကြီးပဲဖမ်းသွားတာ ထန်းတက်နေတဲ့ ပြည်သူ ၁ ဦးကိုလည်း စစ်ခွေးတွေက လိုက်ဖမ်းတာ ဖမ်းတော့ သူက ထွက်ပြေးတယ်။ ပြေးတော့ နောက်ကလိုက်ပစ်လို့ ကျည်ထိမှန်ပြီးသေဆုံးတာ ဖမ်းဆီးခံရတဲ့ သူတွေထဲကမှ ကိုအောင်ဆန်းဝင်းကို ကြိုးချည်ပြီး ဗိုက်ကိုဓားနဲ့ ထိုးတယ်။ ပြီးတော့ လည်လှီးသတ်ဖြတ်သွားတာ” ဟု ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ငါ့သရောက်မြို့ကို ပြန်လည် ဆုတ်ခွာသွားပြီး အင်အားများ ထပ်မံ ဖြည့်တင်းနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article