30 C
Yangon

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်စွာမရသဖြင့် ၄ လအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦး သေဆုံး

Must read

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်စွာမရသဖြင့် ၄ လအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦး သေဆုံး

ရန်ကုန်၊ မေ ၆

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့၍ ၄ လအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကောက်ယူရရှိခဲ့သည့် စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၉ ဦးအထိ ကျဆုံးခဲ့ရခြင်းဖြစ် ကြောင်း၊ဒိုက်ဦးထောင်၊ သာယာဝတီထောင်၊ မြောင်းမြထောင်၊ အိုးဘိုထောင်၊ ဒိုက်ဦးထောင်၊ ကသာအကျဉ်းထောင်တို့မှ နိုင်ငံ ရေးအကျဉ်းသား ၉ ဦးသည် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသားဖြစ်သည့် ကိုမျိုးမင်းဦးနှင့် ကိုမိုးကျော် ၊ သာယာဝတီထောင်မှ ကိုသူရ အောင် ၊ မြောင်းမြထောင်မှ ကိုကျော်ဇင်လတ်၊ အိုးဘိုထောင်မှ ဒေါ်စန်းရီ၊ ကိုအောင်ထွန်း၊ ကိုသီဟ၊ ဦးလူအောင် တို့ ၄ ဦးနှင့် ကသာထောင်တို့မှ ကိုဟိန်းမင်းသူတို့ ၉ ဦး ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကျဆုံးသူ ၉ ဦးအထိ ရှိလာပြီဖြစ်သော်လည်း အကျဉ်းထောင်အတွင်းတွင် လုံလောက်သည့် ဆေးဝါးကုသမှုမှာ လက်ရှိအချိန်အထိ မရရှိသည့်အပြင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၃ ခုနှစ်တွင် အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၄ ဦးသေဆုံးခဲ့ပြီး အကျဉ်းထောင်တွင် သတ်ဖြတ်ခံခဲ့ရသူ ၁၈ ဦး၊ မကျန်းမာဘဲ သေဆုံးသူ ၁၆ ဦး ရှိခဲ့ကြောင်း၊၂၀၂၄ ခုနှစ်တွင်မူ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအထိသေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article