30 C
Yangon

စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အပစ်ရပ် ကြေညာပြီးနောက် နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အပစ်ရပ် ကြေညာပြီးနောက် နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၆

အကြမ်းဖက် စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အပစ်ရပ် ကြေညာပြီးနောက် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က နွားထိုကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကနဦးသိရပြီး ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မာန်လည်ရွာကို စစ်ခွေးတွေ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦးသိရပါတယ်။ ပျက်စီးမှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မေလ ၃၁ ရက်နေ့အထိ တတိယအကြိမ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ထားကြောင်း၊ ထိုသို့ အပစ်ရပ်ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ရှိ အရပ်သား ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်မှုကြောင့် ပြည်သူ ၂၇၆ ဦး သေဆုံးပြီး ၄၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article