မြိုင်မြို့ပေါ်ရှိ စစ်တပ်၏ ထန်းဘူးတောဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ထန်းဘူးတောဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Myaing Garuda People’s Defense Force အဖွဲ့က ထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ထန်းဘူးတောဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှဒအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းဂိတ်ကို ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များတိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ခွဲ ၂ ဖြစ်သော ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားတော်လှန်ရေး မဟာမိတ်အင်အားစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
