29.9 C
Yangon

အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်လေပိုင်နက်ကို ခရီးသည်တင်နှင့်ကုန်တင် လေယာဉ်များအားလုံး ရှောင်ရှား ပျံသန်းနေရ

Must read

ရန်ကုန်၊ မေ ၇

အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်နိုင်ငံ၏ လေပိုင်နက်ကို ခရီးသည်တင်နှင့်ကုန်တင် လေယာဉ်များအားလုံး ရှောင်ရှား ပျံသန်းနေရကြောင်း CNN သတင်းတစ်ရပ်အရ သိရှိရသည်။

ယနေ့ နံနက်အစောပိုင်း အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်ထိန်းချုပ်သော ကက်ရှမီးယားဒေသများသို့ ဒုံးကျည်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်ကလည်း အိန္ဒိယတိုက်လေယာဉ်များနှင့်ဒရုန်းများကို ပြန်လည် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။

ဧပြီလ ၂၂ ရက်နေ့ အိန္ဒိယထိန်းချုပ်ထားသည့် ကတ်ရှ်မီးယား​ဒေသ ပါဟယ်လ်ဂမ်​ကျေးရွာတွင် ခရီးသွား အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါနိုင်ငံသား ၁ ဦး အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း၊ အဆိုပါ ဖြစ်ပွားခဲ့သည့် အကြမ်း ဖက်တိုက် ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံက တာဝန်ယူရမည်ဟု အိန္ဒိယနိုင်ငံက ထုတ်​ဖော်​ပြောကြားပြီးနောက် အိန္ဒိယက ယနေ့ နံနက်အစောပိုင်း စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

လတ်တလော နှစ်ဖက်စစ်ရေးတင်းမာမှုသည် အမြင့်ဆုံးအခြေအနေ ရောက်ရှိနေပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် ကက်ရှမီးယားဒေသ အပါအဝင် နယ်စပ်များနှင့်နီးကပ်သော ပြည်နယ်များတွင် ကျောင်းများ ပိတ်ခြင်း၊ အရေးပေါ် ပြောင်းရွှေ့ခိုင်းမှုများကို နှစ်ဖက်စလုံးက လုပ်ဆောင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ စစ်ရေး ပြင်ဆင်မှုများကိုလည်း အကြီးအကျယ် မြင်တွေ့ရကြောင်း သတင်းများက ဆိုသည်။

ယနေ့ နံနက်ပိုင်း အိန္ဒိယ၏ တိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိကြောင်း ပါကစ္စတန်က ထုတ်ပြန်ကာ လက်တုံ့ပြန်တိုက်ခိုက်မည်ဟု တရားဝင် ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article