30 C
Yangon

စစ်ကောင်စီက ဂန့်ဂေါမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနေရာအချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၇ ရက် ည ၈ နာရီ ၃၀ မိနစ် ဝန်းကျင်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ နေရာ ၃ နေ ရာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ် ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍ စုံ စမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဖုန်းလိုင်းတွေဖြတ်ပြီးမှ ဗုံးကျဲသွားတာ။ ထိခိုက်မှုမရှိပါဘူး။ ဂန့်ဂေါမြို့ပေါ်မှာတော့ နာရီပိုင်းနဲ့ ပြန် ဖွင့်ပေးတယ်။ ကျေး ရွာ တွေဘက်မှာတော့ မရသေးဘူး။ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန် လည်ထိန်းချုပ်နိုင်ဖို့ လေ ကြောင်းကနေအသားစီးယူပြီး ပြန်ပြီးထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလို့ သုံးသပ်ရပါတယ်။ ယောဒေသ မှာ က အခုတလော တိုက်ပွဲမရှိဘူး။ ငြိမ်နေတယ်။ စကစက တဖက်သတ်လေ ကြောင်းကနေ တိုက် ခိုက်နေတာဖြစ်ပါတယ်။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဂန့်ဂေါမြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ကာ ဗုံးကျဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ယောဒေသအတွင်းသို့ နေ့စဉ်နီးပါး ဗုံးကျဲတိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက် နာပေးကြပါရန်နှင့် အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းများ တူးထားကြပါရန်တော်လှန်ရေးအဖွဲ့အစည်း များက တိုက်တွန်းထားသည်။

အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကျေးရွာကို ယမန်နေ့ မေလ ၇ ရက်နေ့ မွန်းတည့်၁၂ နာရီ ၇ မိနစ်အချိန် စစ်တပ် တိုက်လေယာဉ်က ဗုံးကျဲမှု ၂ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရှိထားကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၉ရက် နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article