35 C
Yangon

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၉ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်မှစတင်၍ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်အထိ ဆောမြို့နယ်၊ ကျောက်ထုဒေသကို အကြမ်းဖက်စစ်ကောင်စီ၏ တံ တားဦး လေတပ်မှ တက်လာသော Y12 လေယာဉ်တစ်စီးဖြင့် ဗုံး ၁၂ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်ပျက်စီးမှုအခြေအနေက မသိရသေးပါဘူး။ စစ်ကောင်စီက က နေ့တိုင်းဗုံးကျဲနေတာ၊ ပြည်သူတွေ အနေနဲ့ အစစအရာရာ ဂရုစိုက်ပေးဖို့ပြောချင်ပါတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှုတွေ မရှိဘဲ အရပ်သား ပြည်သူ လူထုနေထိုင်ရာ ကျေးရွာများကို ဦးတည်၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု များနေ့စဉ် နှင့်အမျှ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများ လိုက်နာပေးကြပါရန်နှင့်အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းများတူးထားကြရန် တော်လှန်ရေးအဖွဲ့အစည်း များက တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာ ထားသော်လည်း လက်တွေ့တွင်မူ နိုင်ငံတစ်ဝန်းသို့ စစ်ကြောင်းထိုးခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေး အဖွဲ့များ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက အညာဒေသမှ ကျေးရွာတစ်ခုကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article