35 C
Yangon

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ တိုက်ပွဲအတွင်း ခမရ ၂၂၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ တိုက်ပွဲအတွင်း ခမရ ၂၂၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မေ ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ တိုက်ပွဲအတွင်း ခမရ ၂၂၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU တပ်မဟာ ၄ တပ်ရင်း ၁၁ ဌာနချုပ် တပ်ခွဲမှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာ တိုက်ပွဲ အတွင်း ခမရ ၂၂၄ (ဘုတ်ပြင်း) အခြေစိုက် တပ်ရင်းမှ တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး KNLA တပ်ရင်း ၁၁ လက်အောက်ခံ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက် ၊ ကျည်ဘောက် ၉ ခု ၊ ကျည် ၃၂၈ တောင့် တို့ ယူဆောင်လာသောကြောင့် ဂုဏ်ပြု ဆုငွေများ ထပ်မံ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ အလင်းလာဝင်တဲ့ ၂ ဦးနဲ့ ပတ်သက်ပြီး ပြောလိုတာက သူတို့ပြောပြချက်အရ စစ်ကောင်စီတပ်ထဲမှာ ပြေးချင်နေသူတွေ တော်တော်များတယ်လို့ သိရတဲ့အတွက် စစ်ကောင်စီဟာ စစ်မှုထမ်း တပ်သားသစ်တွေကို အသေခံခိုင်းနေတယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ သူတို့ပြောပြချက်အရ အရှေ့လည်း တိုးလို့မရ အနောက်ပြန်ဆုတ်ခွင့်လည်း မပေးဘူးလို့ သိရတဲ့အတွက်ကြောင့် မကြာခင်မှာယခုလိုမျိုး အလင်းဝင်မယ့် သူတွေ ပိုများလာမယ်လို့တော့ ထင်တယ်” ဟု KNU တပ်မဟာ ၄ တပ်ရင်း ၁၁ ဌာနချုပ် တပ်ခွဲမှူးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article