26.4 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ စစ်ကောင်စီ ခမရ ၂၄ တပ်ရင်း၏ တန်လဲ့စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်း အထန် ထိုးစစ်ဆင် ၊ တခေါ်ဘီခွီး စခန်းကိုသိမ်းပြီးနောက် စစ်တပ်စခန်းများကို တောက်လျှောက် တိုက်ခိုက်နေ

Must read

ထိုင်း-မြန်မာနယ်စပ်၊ စစ်ကောင်စီ ခမရ ၂၄ တပ်ရင်း၏ တန်လဲ့စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်း အထန် ထိုးစစ်ဆင် ၊ တခေါ်ဘီခွီး စခန်းကိုသိမ်းပြီးနောက် စစ်တပ်စခန်းများကို တောက်လျှောက် တိုက်ခိုက်နေ

ရန်ကုန်၊ မေ ၁၀

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ ခမရ ၂၄ တပ်ရင်း၏ တန်လဲ့ စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်းမှစတင်၍ ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ခမရ ၂၄ တပ်ရင်း တန်လန့် စစ်စခန်းကို KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း အပါအဝင် အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း၊ စစ်တပ်ကလည်း စခန်းမကျစေရေးအတွက် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ခုခံတိုက်ခိုက်နေကြောင်း၊ ယမန်နေ့ စစ်ကောင်စီ၏ တခေါ်ဘီခွီးစခန်းကို သိမ်းပိုက်ပြီးနောက် ယနေ့တွင် စစ်တပ်၏ တန်လဲ့စခန်းကို ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

” မနေ့က စစ်တပ်ရဲ့ တခေါ်ဘီခွီး စခန်းကို သိမ်းတယ်။ ဒီနေ့မနက်မှာ မနေ့က သိမ်းတဲ့ စခန်းရဲ့ အရှေ့ဘက် နော်တယာ တောင်ကြောမှာရှိတဲ့ တန်လဲ့စခန်းကို ထပ်ပြီးဆက်တိုက်တာပေါ့။ စစ်ကောင်စီတပ်က တိုက်လေယဉ်စစ်ကူခေါ်တော့ ဗုံးလာကျဲတယ်။ ကိုယ်ဘက်ကတော့ ဒရုန်းတွေနဲ့ချ၊ လက်နက်ကြီးအလုံးကြီးတွေပစ်ထည့်နေတယ်” ဟု ရှေ့တန်းရောက် KNLA ပူးပေါင်းတပ်သတင်းရင်းမြစ်က ရှင်းပြသည်။

KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေသော အဆိုပါ စခန်းသည် ထိုင်းနိုင်ငံ ၊ ထ့ဆောင်ယမ်းမြို့နယ်အပိုင်မယ်လကျေးရွာဘက်နှင့် နီးကပ်နေသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်သောင်ရင်းမြစ်ကူးဂိတ်များကို ပိတ်ထားပြီး စောင့်ကြည့်ကင်းလှည့်နေကြောင်း သိရှိရသည်။

” ထိုင်းစစ်တပ်က ၂ နာရီခြား ၁ ခါ တင့်ကားယာဉ်တန်းတွေ အသွားအပြန်ကင်းပတ်နေတယ်။ မယ်လလမ်း တလျှောက်မှာလည်း ဂိတ်တွေ ချစစ်နေတယ်။ သောင်ရင်းမြစ်ကမ်းကူးဂိတ်တွေ အကုန်ပိတ်ချထားတယ်။ ထိုင်းနရစွမ် ဗျူဟာမှူးကိုယ်တိုင် မြန်မာတိုက်ပွဲကိုစောင့်ကြည့်နေတယ်။ လက်နက်ကြီး၊ လေယာဉ်အစုံတိုက်နေတာဆိုတော့ထိုင်းဘက်ကျည်ကျမှာနဲ့ စကစ စစ်သား ပြေးတက်လာမှာကိုစောင့်ကြည့် နေပုံပဲ “ဟု ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

KNU က ထိုင်းမြန်မာနယ်စပ်၊ KNU တပ်မဟာ၇ နယ်မြေအပိုင်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးကို ဆက် လက် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မော်ဖိုးကေစခန်း၊ကျော်ကေထစခန်း၊ နော်တရာစခန်း၊ဝမ်ခါသစ်စခန်း များတွင်လည်း တိုက်ပွဲများ ကူးစက်လာနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article